“ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်နေတဲ့ ကမ္ဘာပေါ်က ထူးဆန်းအံ့ဖွယ် နေရာများ(ရုပ်သံ)”

ကမ္ဘာ့နေရာအနှံ့အပြားမှာ သဘာဝလွန်နေရာဒေသတွေဆိုတာက ရှိကြစမြဲပါပဲ။ အဲဒီနေရာတွေမှာ သဘာဝအတိုင်းရှိနေရမယ့်အရာကနေ တစ်ခုခုထူးခြားပြီး သိပ္ပံပညာကတောင်မဖြေရှင်းနိုင်တဲ့ဖြစ်ရပ်မျိုးတွေဖြစ်နေတဲ့သဘာဝလွန်ဖြစ်ရပ်ဆန်းနေရာတွေလည်းရှိပါတယ်။ဒီတစ်ခါ မှာ တော့ပရိ သတ် ကြီး ကို ကမ္ဘာ ပေါ်မှာ မြေ ဆွဲ အားအလုပ်မလုပ်တဲ့ထူးဆန်း ထွေလာ နေ ရာတွေအ ကြောင်းကို ပြော ပြ သွားမှာပါ။

အပေါ်ကိုပြန်တက်နေတဲ့ ရေတံခွန်

ရေတံခွန်ဆိုတာဟာ အရှိန်အဟုန်နဲ့အောက်ကိုစီးဆင်းနေတဲ့အရာပါ။ ရေတံခွန်မှန်ရင်အောက်ကိုသာဆင်းရပါမယ်။ ဒါပေမယ့် England က ပြောင်းပြန်ရေတံခွန်ကတော့ ရေတွေကအောက်ကိုဆင်းရမယ့်အစား အပေါ်ကို တက်နေတာတွေ့ရပါတယ်။ သူ့ရဲ့ ရေတွေက အပေါ်ကိုတက်နေတဲ့ ဂုဏ်သတ္တိကြောင့် reverse waterfall ဆိုပြီး နာမည်ပေးခံထားရပါတယ်။

ရေတွေအပေါ်ကိုပြန်တက်နေတဲ့လျိုု့ဝှက်ချက်ကတော့ ကျောက်ထုတွေကြားထဲကထွက်လာတဲ့လေတွေက အပေါ်ကစီးဆင်းလာတဲ့ ရေတွေကို ပင့်ပြီးတိုက်နေတာမို့ ရေအပေါ်ကို ပြန်တက်နေတာပါ။ ရေတံခွန်ကြီးတစ်ခုလုံးကိုတောင်အပေါ်ပြန်တက်အောင် လေတိုက်ပစ်လိုက်တယ်ဆိုတော့ နည်းတဲ့လေအားလား။
အိုရီဂွန်က အံ့ဖွယ်ထူးဆန်းအိမ်

အမေရိကန်နိုင်ငံ Oregon ဟာ ထူးဆန်းအံ့သြစရာတွေနဲ့ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး အဲဒီမှာ တည်ရှိတဲ့အိမ်တစ်လုံးဟာ ဘယ်လိုမှရှင်းမပြနိုင်တဲ့ဖြစ်ရပ်တွေနဲ့ လူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ အဲဒီအိမ်မှာ အပေါ်ဘက်ကနေ အောက်ဘက်ကြမ်းပြင်ကို ပစ္စည်းတစ်ခုခု လှိမ့်ချလိုက်ရင် အဲဒီပစ္စည်းက ေလတွေဘာတွေမတိုက်ပဲ နေရင်းထိုင်ရင်းနဲ့ကို အပေါ်ကြမ်းပြင်ကို လိမ့်ပြီးပြန်တက်လာတာပါ။ ပရလောကသားတစ်ယောက်ယောက်က စောင့်ပြီးပြန်တင်ပေးနေတဲ့အတိုင်းပဲလို့မှတ်ချက်တွေပေးခံထားရပြီးအခုထိတော့ အဲဒီအိမ်ရဲ့လျို့ဝှက်ချက်ကို ရှင်းပြနိုင်သူမရှိသေးပါဘူး။

Myanmar Science Astronomy

• • •

• • •

Design a site like this with WordPress.com
Get started
search previous next tag category expand menu location phone mail time cart zoom edit close