
ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ သဲကန္တာရနှင့်တကွနှင်းကျတဲ့အရပ်ဒေသမှာပင်တွေ့ရပါတယ်။
ကင်းမြီးကောက်တို့ရဲ့အစာများမှာသေးငယ်သောပိုးမွှား၊ပင့်ကူ၊ဖွတ်ပုတတ်မျိုးဝင်အကောင်ငယ်များ၊ဖားပြုပ်၊ပက်ကျိ၊ခရု ပက်ကျိစတဲ့အကောင်ကလေးများအပြင်ကြွက်စသောနို့တိုက်သတ္တဝါကလေးများဖြစ်ကြပါတယ်။
ကင်းမြီးကောက်တွေဟာသူတို့ကိုနှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပဲ လူကိုလည်း သာမန်အားဖြင့် ရန်ပြုဖို့ခက်ခဲလှပါတယ်။
ထူးဆန်းတဲ့အချက်ကတော့ကင်းမြီးကောက်တွေရဲ့ချစ်တင်းနှီးနှောပုံမှာများစွာစိတ်ဝင်စားဖွယ်ကောင်းလှပြီးကင်းမြီးကောက်အမဟာအဖိုထက်ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး မိမိထံကင်းမြီးကောက် အဖိုတစ်ကောင်လာပြီးချစ်ရေးဆိုလျက်ရှိစဉ်သဘောကောင်းချိန်နဲ့ ကြုံကြိုက်ပြီးစိတ်ကြိုက်နှင့်တွေ့ပါက ကြည်သာစွာပင် လက်ခံတတ်ပြီးအခန့်မသင့်ပါက အဲ့ဒီအဖိုကိုကိုက်သတ်ပြီး စားပစ်တတ်ပါတယ်။
နှစ်ဦးနှစ်ဝချစ်ရေးကြည်ဖြူခဲ့လျှင်အဖိုဟာအမရဲ့လက်မ၂ဖက်ကိုမိမိ၏လက်မများဖြင့်ညှပ်လျက်အချိန်အတော်ကြာအောင်စုံတွဲလျှက်နေပြီးနောက်မိမိခိုအောင်းရာသို့ခေါ်ဆောင်သွားတတ်ပါတယ်။
ဒါပေမယ့်လည်းကာလအတော်ကြာမျှအတူတကွနေထိုင်ပြီးတဲ့အခါအမဟာအဖိုကို စားပစ်လိုက်တာက များပါတယ်။ဒါပေမယ့်လည်း ကင်းမြီးကောက်အမတွေဟာမိမိသားငယ်များအပေါ်မှာတော့များစွာခင်မင်ကြင်နာသည်ကိုတွေ့ရတတ်ပါတယ်။
ကင်းမြီး ကောက်တွေဟာအကောင်လိုက်ပေါက်ဖွားကြပြီး မိခင် ကင်းမြီးကောက်မကြီးဟာသားငယ်များကိုကျောပေါ်မှာသယ်ဆောင်ပြီး သွားလာလေ့ရှိပါတယ်။
ကင်းမြီးကောက်ပေါက်စတွေဟာကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပအမိအဖဖြစ်သေကင်းမြီးကောက် ကြီးများနှင့်ပုံသဏ္ဌာန်ချင်းတူလှပြီး ကြိမ်ဖန်များစွာအရေလဲပြီးမှသာတဖြည်းဖြည်း ကြီးပြင်းကြရတာပဲ ဖြစ်ပါတယ်။
Myanmar Science Astronomy